မနက်မိုးလင်းတော့ ခေါင်းက အရမ်းကိုက်နေတယ် မနေ့က သူငယ်ချင်းတွေဆုံတာနဲ့ သောက်ဖြစ်ပြီး မူးမူးနဲ့အိမ် ပြန်ရောက်လာတာပဲ မှတ်မိတယ် အိမ်ကို ဘယ်လိုပြန်ရောက်လာတာလဲတောင် မမှတ်မိတော့ဘူး ..
အလုပ်သွားရန်သတိရပြီး အိပ်ရာပေါ်က သူ အလူးအလဲထလိုက်တယ် ကုတင်ပေါ်ကဆင်မလို့လုပ်ရင်း
ခေါင်းရင်က ကွန်ပျူတာခုံပေါ်မှာ စာရွက်တရွက်ကို ဖိထားသောရေခွက်တခွက်နဲ့ အကိုက်အခဲပျောက်ဆေး
အချို့ကိုတွေလိုက်တယ် ...........။
ဘေးနားဝဲယာကို ကြည်လိုက်တော့ သူ အလုပ်သွားရန်အတွက် အိပ်နဲ့ မီးပူတိုက်ပြီးသား အဝတ်အစားတွေကို အရန်သင့်ပင် တွေလိုက်ရတယ် ဒီနေ့ခါတိုင်းနေတွေနဲ့မတူ သူအတွက်တော်တော်ထူးခြားနေတယ် ဆေးကို
သောက်လိုက်ပြီး ရေခွက်အောက်က စာကိုဖက်လိုက်တော့ .............
မောင်...........
နွယ် ဈေးသွားပြီနော် ။
မောင်အတွက်မနက်စာကို
စားပွဲပေါ်မှာ အဆင်သင့်လုပ်ထားတယ်
ပူတုန်းစားလိုက်နော်.......
မောင့်ရဲ့
နွယ်
တခုခုတော့ လွဲနေပြီ သူညက မမူးမူးနဲ့ ဘာတွေလုပ်မိသလဲမသိဘူး ............။ လူမှန်းမသိ သူမှန်းမသိ မူးနေတော့ ဘာကိုမှမစဉ်းစားနိုင်တော့ ...မေးခွန်းပေါင်းများစွာနဲ့ ထမင်းစားခန်းထဲကို ရောက်တော့ စားပွဲ
ပေါ်မှာ အငွေတထောင်းထောင်းနဲ့ စားချင်စဖွယ် .......ဘေးမှာတောင် ဒီနေ့ထွက်သတင်းစာ တင်ထားသေးတယ် မနက်စာစားနေတုန်း အခန်းထဲက သားထွက်လာတာကို သူမြင်လိုက်တော့ .........
" သား မနေ့ညကဘာတွေဖြစ်သေးလဲ "
"အင်း........မနေ့ညက ....ဖေဖေမူးပြီးပြန်လာတော့ မေ့မေ့ကို အော်တယ်ငေါက်တယ်လေ ....
နောက်ပြီး...........အိမ်ကတွေကရာ ပစ္စည်းတွေကိုလဲရိုက်ခွဲသေးတယ် ......"
သားရဲ့စကားကိုသူကောင်းကောင်း နားမလည် သဘောမပေါက်သေးတော့ ထပ်မေးလိုက်မိတယ် ...
" ဒါဆို ဖေဖေ နိုးလာတော့ တအိမ်လုံးလဲ ရှင်းနေတာပဲ ဘာမှလဲမတွေပါလား "
သားအမေက ဒါကို စိတ်မဆိုးတဲ့အပြင် ဖေဖေ အတွက် အကုန်လုံး ပြင်ဆင်ပေးထားသေးတယ် ..."
' အော်........ဒါလား မနေ့ညက ဖေဖေ မူးပြီး ပြန်လာတော့ မေမေလဲ စိတ်ဆိုးတာပေါ့ ။ ဖေဖေ
အော်ငေါက်နေတဲ ကြားထဲက မေမေက ဖေဖေကို အခန်းထဲကိုဆွဲခေါ်ပြီး အကျီင်္ လဲပေးမလို့
လုပ်တော့ ဖေဖေက မေမေ ကိုတွန်းထုပ်ပြီးအော်လိုက်သေးတယ် ..........
' ဖေဖေ ဘယ်လိုအော်လိုက်တာလဲသား ........... '
"ကလေးမသွား ငါအနားမလာနဲ့ ငါ့မှာအိမ်ထောင်ရှိတယ်တဲ့..................။"
သူကျေကျေနပ်နပ် ကြီး ပြုံးလိုက်မိတယ် ထို့နောက် အငွေတထောင်းထောင် ထနေသော ထမင်းကျော် ကို
အားရပါးရ စားလိုက်ပါတော့သည်....။
သူငယ်ချင်းတို့အားလုံး ပျော်ရွှင်နှိုင်ကြပါစေ .............။ လေးစားစွာဖြင့်
ဖက်ခဲ့ မိတဲ့ စာတို့လေးတခုကို မီငြမ်းပြီးရေးသားထားတာပါ နော် ...........
အမှားပါခဲ့လျှင်ခွင့်လွှတ်ပါ ...............။
ရေးသားချိန် ......... 5/3/2012/ 3:15 မိနစ် ...........








(ကလေးမသွား ငါအနားမလာနဲ့ ငါ့မှာအိမ်ထောင်ရှိတယ်)
ReplyDeleteတော်လိုက်တာ.........
အားပေးသွားပါတယ်နော်....